မြန်မာအက္ခရာကဒ်များ (Myanmar Alphabet clip cards)

မြန်မာ အက္ခရာ နှင့် စကားလုံးများကိုသင်ကြားရန် အသုံးပြုနိုင်တဲ့ သင်ကြားရေးကဒ်များဖြစ်ပါတယ်။
ဒီကဒ်တွေကို အက္ခရာစဉ်စပြီးသင်တဲ့အချိန်မှာလည်းသုံးနိုင်သလို၊ မှတ်မိအောင်ပြန်လှည်လေ့ကျင့်တဲ့အခါလည်းသုံးနိုင်ပါတယ်။

သင်ကြားနည်း

ကလေးကို ကဒ်ပြပြီး
၂။ဒီပုံက ဘာပုံလဲ၊ဘာလိုခေါ်သလဲ
၃။မြင်ဖူးပါသလား
၄။ဘာအရောင်လဲ
စသဖြင့်အရင်မေးပါ။ ပြီးတဲ့အခါ စကားလုံးကို လိုက်ဆိုခိုင်းပါ။
သရက်သီး (သ -သ- သရက်သီး)
သရက်သီးမှာ စကားလုံးရဲ့ အစ အက္ခရာက ဘာလဲမေးပါ။
ကလစ်ကလေးနဲ့ (သ) အက္ခရာကို ညှပ်ခိုင်းပါ။
ကလစ်မရှိပါက လက်နှင့်ထောက်ခိုင်းလည်းအဆင်ပြေပါတယ်။
အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ဆွဲပြီး လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။

မြန်မာအက္ခရာကဒ်များ (clip card) 1.pdfမြန်မာအက္ခရာကဒ်များ (clip card) 2.pdf

Leave a Reply

Your email address will not be published. Required fields are marked *