All about me (ကျွနုပ်၏အကြောင်း)

ပိတ်ရက်တွေ ကုန်ဆုံးလို့ ကျောင်းပြန်တက်အခါ၊သင်တန်းဖွင့်တဲ့အခါ back to school (or) welcome to class activities ပုံစံလေးတွေ လုပ်ပေးရပါတယ်။ ကျောင်းသားသစ် ကျောင်းသားဟောင်း တစ်နှင့်တစ်ယောက် ရင်းရင်းနှီးနှီးရှိစေဖို့ ၊ ရှက်မနေပဲ ယုံကြည်မှု့ ရှိ ပြောရဲဆိုရဲရှိဖို့ ၊ သူငယ်ချင်းတွေကိုလည်း မေးရဲ ဖြေရဲ ရှိဖို့ လုပ်ပေးရတဲ့ activities လေးတွေပါ။ ဘာသာစကားတွေ သင်တဲ့အခါ အရေး၊အဖတ်၊အပြော နှင့် နားထောင် နိုင်မှုစွမ်းရည်တွေကို အကုန် လေ့ကျင့်ပေးရပါတယ်။ တကယ့်လက်တွေ့ ဘဝမှာ သုံးရမယ့် (life skills) တွေဖြစ်တဲ့ အချင်းချင်းဆက်သွယ်ပြောဆိုခြင်း ( communication) ၊တင်ဆက်ပြောဆိုခြင်း (presentation) စတဲ့ စွမ်းရည်တွေကို စာသင်ခန်းကအစပြုလို့ ငယ်ငယ်ကတည်းကလေ့ကျင့်ပေးပါ။ ဒီ ကျွန်တော်အကြောင်း worksheet ကို ဘာသာစကားစွမ်းရည် လေးမျိုးနဲ့ ချိတ်ဆက်ပြီးသင်ကြားပေးနိုင်ပါတယ်။
📌ဆရာမနှင့် အမေးအဖြေ ၊ ကျောင်းသားအချင်းချင်း အမေးအဖြေ (အပြော နှင့် နားထောင်ခြင်း)
📌ကိုယ့်အကြောင်းကို ရေးမယ်၊ အတန်းထဲမှာဖတ်ပြမယ်၊ သူငယ်ချင်းရဲ့ အကြာင်းကို ဖတ်ပြမယ်(အရေး နှင့် အဖတ်)
စသဖြင့် လိုသလို အသုံးပြုနိုင်ပါတယ်။

ကျွန်တော့်အကြောင်း (1).pdfကျွန်တော့်အကြောင်း (2).pdf